USမှာ ပစ္စည်းပို့ရတဲ့ အတွေ့အကြုံကို ပြန်လည်ပြောပြလာတဲ့ Rဇာနည်
|ဒီလိုရှိတယ်ဗျ ဒီတစ်ခါ အိမ်တွေက market ကနေစျေးဝယ်တာကို ယူပြီးတော့ ပို့ပေးရတာ သူက pay ကောင်းတယ်ပြောရမယ် Amazon ကပေးတဲ့အပြင် tip ပါရတယ် ဒါပေမယ် တစ်အိမ်နဲ့အိမ် ဝေးတယ်
တခါတစ်လေ မိနစ် ၂၀ လောက်တောင်မောင်းရတယ် ခတ်တာက downtown ကျရင် စားပြီ apartments တွေက ကားရပ်ဖို့ခက်သလို တခါးတွေက code number တွေနဲ့ အဲ့မှာ ပစ္စည်းက ၄/၅ မျိုးဆိုတော့ ဘာပြောကောင်းမလဲ ရွာကိုလည်နေတာပဲ ကားပေါ်က ချ ပြီး တခါးဝကိုသွား တစ်ခါချ ပြီ ဓါတ်လှေခါးဆီသွား တခါချ ခလုပ်နှိပ်ရတာပြောပါတယ် ပစ္စည်းတွေကလဲလေးသေး အပေါ်ရောက်တော့ အောက်မှာကျန်ခဲ့တဲ့ကားကိုစိတ်ပူရ ရဲများ tickets ပေးပြီးလား အမြန်ပြေးဆင်းရနဲ့ အော်လွယ်လွယ်ဘာမှမရပါလား လို့တွေးမိပြီး ရယ်မီတယ် သန့်သန့်ရှင်းရှင်းရှာလို့ရတာဆိုတော့လဲ ပင်ပန်းရကျိုးနပ်ပါတယ်လေ R ဇာနည် လဲ ဘဝကအတော်စုံသကို 🤣🤣 ချစ်တဲ့သူတွေကို ပြောပြတာပါ သိချင်မလားလို့လေ သိချင်တယ်ဆို နောက်လဲပြောပြမယ်လေ မသိချင်ရင်လဲပြောခဲ့အုံး လို့ 🙏❤️ Good Night ဗျာ အိပ်ပြီ မနက်အစောထ ကျောင်းပို့ရအုံးမယ် ဗြဲ 🤣🤣