လေထုညစ်ညမ်းမှု ကမ္ဘာ့ စတုတ္ထအဆိုးဆုံးမြို့အဖြစ် သတ်မှတ်ခံရတဲ့ ဘန်ကောက်

ဆွစ်ဇာလန်အခြေစိုက် IQAir ၏ နောက်ဆုံးအချက်အလက်များအရ ဘန်ကောက်မြို့သည် လေထုအရည်အသွေးအတွက် ကမ္ဘာ့ စတုတ္ထအဆိုးဆုံးမြို့အဖြစ် အဆင့်သတ်မှတ်ခံထားရပြီး နိုင်ငံအတွင်း အဆိပ်အတောက်ဖြစ်စေသည့် မြူခိုးများက မြို့တော်နှင့် အခြားပြည်နယ်များကို သက်ရောက်မှုရှိနေဆဲဖြစ်သည်။