ရန်ကုန်မှာ မြန်မာထမင်းဟင်း ကောင်းကောင်း စားချင်သူတွေအတွက် အကောင်းဆုံး ထမင်းဆိုင် (၃၀)…
|ရန်ကုန်မှာ မြန်မာထမင်းဟင်း ကောင်းကောင်း စားချင်သူတွေအတွက် .. Myint Lwin အကောင့်က တင်ထားတဲ့ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး မြန်မာထမင်းဆိုင် (၃၀) ကို ပြန်လည်မျဝေပေးလိုက်ပါတယ်။
၁။ ခိုင်စိုးစိုး သုဝဏ္ဏလမ်းဆုံ – သူက သုဝဏ္ဏဘက်မှာတော့နာမည်ကြီးပဲ ကားနေရာဘယ်တော့မှမရဘူး။ လိပ်စာက သံသုမာလမ်းမကြီးပေါ် သုဝဏ္ဏလမ်းဆုံနားမှာ မင်မင်က အဲ့ဆိုင်က ဆိတ်ရိုးပဲကြိုက်တယ် ပုဇွန်ထုပ်ကြိုက်တယ်။ လုဝယ်လုစားရတာ၊ ၁၂:၃၀ လောက်လာရင် အိုးဆေး ရမယ်။ ဟင်းမစုံတော့ဘူး။ မြောက်ဒဂုံမှာ ခုဆိုင်ခွဲတခုထပ်ဖွင့်ထားတယ် Customer Service လဲကောင်းတယ်။
၂။ ဇဝန ထမင်းဆိုင် သင်္ဃန်းကျွန်း – ဒီဆိုင်ကတော့ နာမည်လဲကြီးသလိုစျေးလဲကြီးတယ်။ ဒါပေမယ့်အရသာကရှယ် သူ့ဆိုင်က လေးထောင့်ကန်လမ်းမပေါ်မှာ Radio New Frequency မျက်စောင်းထိုးလောက်မှာ အဲ့ဆိုင်ရောက်ရင်အမြဲစားဖြစ်တာက ဆိတ်သားလုံးရယ် ငါးမြင်းဗိုက်သားရယ် ဆိတ်ဦးနှောက်ရယ် ဘဲပေါင်းရယ် ငါးသလောက်ပေါင်းရယ် စျေးနည်းနည်းကြီးတာကလွဲလို့ စားကောင်းချက်ကလက်လန်တယ်။
၃။ မြကန်သာဦးအုန်း မြန်မာထမင်းဆိုင် – ဒီဆိုင်ကတော့ ငါးပိကြော်နာမည်ကြီးတယ်။ အရမ်းကြိုက်တယ် ဦးအုန်းကြီးက ကိုဗစ်ကာလတုန်းကဆုံးသွားတယ်။ သူ့ဆိုင်ကအရသာကောင်းတယ် ဦးအုန်းဆိုင်က ပုဇွန်ထုပ်ချက်နဲ့ ဝက်အချိုချက်ကြိုက်တယ်။ သူက ဆန်းဒေးတရက်ပိတ်တယ် အရသာလေးလေးပင်ပင်နဲ့ စားကောင်းတယ်။ ရန်ကုန် တိရစ္ဆာန်ရုံ ဗိုလ်မင်းရောင်လမ်း ဝင်ပေါက်နားမှာဆိုင်အသစ်ဖွင့်ထားတယ်
၄။ ပွင့် သန်လျင် – သန်လျင်ကညနရုံးနားက ပွင့် ထမင်းဆိုင်က အဲ့ဆိုင်က ငါးဘတ်မွှေကောင်းတယ်။ စျေးတော့နည်းနည်းများတယ်။ သူလဲကားအပြည့် စျေးကြီးတဲ့အထဲပါတယ်။ အရသာကောင်းတယ် သန့်ပြန့်နေတယ် အဲယားကွန်းလဲပါတော့ စားရတာ သက်တောင့်သက်သာရှိတယ်။
၅။ လှမြန်မာ ရွှေဘ ထမင်းဆိုင် – ဒီထမင်းဆိုင်က ကိုယ့်ဖေးဘရိတ် အရသာကရှယ်၊ ငါးဘတ်မွှေရယ် ဘဲဥဟင်းရယ်နောက်ပြီး ပုဇွန်ဘော့ကျိတ်လေးတွေရယ် ကြိုက်တယ်။ သူ့ဆိုင်က ဘာစားစားကောင်းတယ် ဦးဝိစာရလမ်း Denko ဘေးကဝင်ရတယ်။
၆။ နွေမ ထမင်းဆိုင် သာကေတ – သာကေတမြင်တော်သာလမ်းက နွေမထမင်းဆိုင်စားကောင်းတယ် အိမ်ချက်လေးနဲ့တူတယ်။ သူ့ဆိုင်က ငါးခူ မကျဉ်းချက်လေးစားကောင်းတယ်။ တခြားဟင်းတွေလဲကောင်းပါတယ်။
၇။ သံလျှက်စွန်းက မော်လမြိုင်ဒေါ်ရီ – သူ့ဆိုင်မှာအကြိုက်ဆုံးက ငရုတ်သီဆားထောင်းနဲ့ ငါးပိရည်ကြို အရမ်းကြိုက်တယ်။ ကြက်သားအာလူးဟင်းလေးလဲကြိုက်တယ်။ ကြက်ကြော်လေး ကြော်ထားတာ ကြွပ်ရွနေရောပဲ။ သူက အိမ်ဆိုင်လေးနဲ့တူတယ် တော်တော်စားကောင်းတယ်။ အခုက ခြံစည်းရိုးကြီးခတ်ထားတော့ နည်းနည်းတော့ သွားရခက်တယ်။
၈။ အောင်သုခ မြန်မာထမင်းဆိုင် – အခုလိုစျေးတွေတက်တဲ့ကာလမှာ စျေးသက်သက်သာသာနဲ့ ရောင်းပေးတယ်။ အရသာက အရင်ကလောက် ရင်ထဲမရောက်တော့ဘူး။ ဒါပေမယ့်သူတို့ဆိုင်က တည်ပေးတဲ့ ဟင်းချိုရည်လေးကတော့ အခုထိကောင်းတုန်း။
၉။ ရန်ကင်းက ဒေါ်ငွေကြည် – ရန်ကင်းလမ်းမ ရန်ရှင်းလမ်းသွယ် ၇ ထဲက မော်လမြိုင် ဒေါ်ငွေကြည် ။ ၁၉၈၈ အရေးအခင်းကာကတည်းက ဖွင့်တာ အရသာကောင်းတယ်။ စျေးတော့ နည်းနည်းများတယ် ကိုယ်တော့ အရမ်းကြိုက်တဲ့ အထဲမှာ မပါဘူး။
၁၀။ ဇွဲ ဘုရင့်နောင် – သူက ဘုရင့်နောင်လမ်းဆုံအကျော်လေးပဲ ထိုင်စားရတယ်။ စားပွဲဝိုင်းနဲ့ သူချက်တဲ့ပုံစံက အိမ်ချက်လိုမျိုးပဲ စားလို့ကောင်းတယ်။ အဲ့ဆိုင်က ငါးရံ့အူကြိုက်တယ်။ လက်ရည်တပြင်တည်းစားရတာဆိုတော့ မိုက်တယ် စျေးတော့နည်းနည်းပြင်းတယ်။
၁၁။ စက်ဆန်း New Day ဆီဆိုင်ဘေး လမ်းကြားထဲက မွန်မ မြန်မာထမင်းဆိုင် – အဲ့ဆိုင်ကငါးသလောက်ပေါင်း ငါးခေါင်းကောင်းတယ် ဆိုင်အနေအထားနဲ့ ယူတဲ့စျေးများတယ်ထင်လို့ မစားဖြစ်တာတော့ကြာပြီ။
၁၂။ အလုံဆင်မင်းစျေးနားက ဝင်းမေတ္တာ – ဒီဆိုင်ကတော့ စျေးကြီးပါတယ် ဆိုတဲ့ ဆိုင်တွေထက် နည်းနည်းစျေးပိုကြီးတယ်။ ဒါပေမယ့်သူက ဆီအသန့်သုံးတယ်။ စားရတာအဆင်ပြေတယ်။ အရသာကောင်းတယ် ရင်ထဲတော့ထိမနေဘူး လမ်းကြုံရင်တော့ဝင်စားဖြစ်တယ် ကောင်းတဲ့ဆိုင်ထဲမှာပါတယ်။
၁၃။ စေတနာရှင် မြန်မာထမင်းဆိုင် – ဒီဆိုင်က လှိုင်ဓမ္မာရုံလမ်းထဲက အရင်က ပျဉ်ထောင်အိမ်လေး အခုတော့တိုက်ကြီးနဲ့ဖြစ်သွားပြီ။ အရင်ကိုယ်တွေ ဝိုင်အိုင်တီကျောင်းသားဘဝကတည်း ကစားခဲ့တဲ့ ဆိုင်လေး အဲ့ဆိုင်က အရင်စားတုန်းက အရသာတော့မမီတော့ဘူး။ စေတနာရှင်ဆိုတဲ့အတိုင်း ဆိုင်ရှင်အမလင်မယားက အရမ်းသဘောကောင်းတယ် ကျောင်းသားဘဝကဆို ထန်းလျက်ဖြူတွေ ပါဆယ်ပါဆွဲတာလဲ ပြုံးပြုံးပြုံးပြုံးပဲ သူငယ်ချင်းတွေအချင်းချင်းစကြတယ် မင်းတို့လုပ်တာ စေတနာရှင်ကနေ ဦးစိတ်တိုနဲ့ မျောက်ညိုဖြစ်တော့မယ်ဆိုပြီး။
၁၄။ ကုန်းမြင့်သာ စားတော်ဆက် – သူကတော့ ကိုယ်တွေလူပျိုဘဝကတည်းကစားခဲ့တဲ့နေရာပါ အရသာကတော့အခုအထိကောင်းတုန်းပါပဲ အထူးသဖြင့် စီးပွားရေးကိစ္စ နေ့လည်စာ စားရင်း စကားပြောမယ်ဆို ဒီဆိုင်ကိုသဘောကျတယ် အဲ့ဆိုင်က အမဲနှပ်ကြိုက်တယ် အခုရွှေတောင်ကြားထဲမှာ ဆိုင်အသစ်ထပ်ဖွင့်ထားတယ်။
၁၅။ မြင့်မိုရ် မေတ္တာလမ်း တောင်ဥက္ကလာ – One Stop Mart ရှေ့ကဆိုင်လေး စျေးတော်တော်တန်ပြီး အရသာလဲကောင်းတယ် စေတနာပါတယ် ခံစားရတယ်။ စားကို စားကြည့်သင့်ပါတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။
၁၆။ မေတ္တာရိပ် မေတ္တာလမ်း တောင်ဥက္ကလာ – မေတ္တာရိပ်ထမင်းဆိုင်လေးက ဆိုင်နာမည်အတိုင်းအေးအေးချမ်းချမ်းလေး အရသာလဲကောင်းစျေးလဲသင့် သန့်ရှင်းသပ်ရပ်တယ် မြန်မာထမင်းဟင်းသဘောကိုက လုစားအလှုမှာစားရသလိုစားချင်တော့ အကြိုက်တော့ သိပ်မတွေ့လှဘူး အတွဲနဲ့ဆိုရင်တော့ထိုင်ဖြစ်တယ်
၁၇။ တိုင်းရင်းသား – ဒီဆိုင်က ထိုင်လို့ကောင်းတယ် မန်းလေးကမိတ်ဆွေလာရင် အာပုံဝယ်ဝယ်ပြန်သွားတယ် စီးပွားရေးကိစ္စ နေ့လည်စာ စားလို့ကောင်းတဲ့နေရာလေးပါ။
၁၈။ ဇနက မြန်မာထမင်းဆိုင် အောင်ဇေယျလမ်း – လူငယ်တွေဦးစီးတဲ့ The Lord အဖွဲ့ကလုပ်တာဆိုတော့ အစစအရာရာ အဆင်ပြေစားကောင်းတယ်သူ့ရဲ့အားသာချက်က ဟင်းတော်တော်စုံစုံရတယ်။
၁၉။ ဓနုဖြူဒေါ်စောရီ ကန်လမ်း – ကန်လမ်းက ဓနုဖြူဒေါ်စောရီဆိုင်ကြိုက်တယ် အရသာထိထိမိမိရှိတယ် ခံစားရတယ်။
၂၀။ ရွှေညာသူမြန်မာထမင်းဆိုင် – အလုံ ကွင်းကျောင်းလမ်းက ရွှေညာသူ ဆိုင်လည်းကောင်းတယ်။ သူ့ဆိုင်က ဟင်းအရံပေးတဲ့ နှမ်းဖတ်ချဉ်သုတ်က အညာအရသာအတိုင်း။ သူ့ဆိုင်က ဆိတ်ပဲကနာမည်ကြီး။ ငရှဉ့်ချက်လည်းရတယ်။
၂၁။ ၃၇ လမ်း အပေါ်ဘလောက်က ၂၀၃ ထမင်းဆိုင် – ဒီဆိုင်ကတော့စားလိုက်တာနဲ့ အိမ်ကိုလွမ်းသွားစေတယ်။ နှစ်ပေါင်း ၄၀ ကျော်ရှိပြီ ဝက်နံရိုး အချိုချက်က စားနေကြအရမ်းကြိုက်ပေမယ့် ရောက်တာနောက်ကျလို့ ကုန်၊ ငါးသလောက်ပေါင်းကလဲ အရိုးတွေပါစားလို့ရတယ် ကြက်သွန်နီချိုချိုလေးနဲ့ ပဲကြီးနှပ်နဲ့ စားပြီး မင်မင်တော့ ရောက်ရှိချက်က စားပီး အိမ်ပြန်အိပ်တော့တာပဲ။
၂၂။ မြောက်ဥက္ကလာ တံတားအဆင်းက မွန်မလေး – မွန်မလေးက စားကောင်းစျေးတန် လူ အမြဲအပြည့် နောက်ပိုင်းအဲ့ဘက်လမ်းမကြုံတာနဲ့ မရောက်ဖြစ် ဘာစားစားကောင်းတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။
၂၃။ ခါလာကြီး ဇီးရိုးမိုင် – ခါလာကြီးစားဖူးရင် တော်ရုံဆိုင်က အမဲနှပ်မတိုးတော့လောက်အောင်စ ားကောင်းပါတယ် အရံဟင်း ၂၀ လောက်ချပေးတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။
၂၄။ ဗဟိုလမ်း အာရှတော်ဝင်မျက်စောင်းထိုးက စွဲ – သူကတော့ နှစ်ပေါင်း ၂၄ နှစိလောက်ရှိပါပြီ မြန်မာထမင်းဟင်းတွေစားကောင်းတယ်။
၂၅။ လှိုင်ကားဝယ်ရောင်းဝင်းထဲက မိသားစု ထမင်းဆိုင်
၂၆။ စက်ဆန်း ရွှေညောင်ပင် – အရသာသင့် စျေးနှုန်းသင့်ပါတယ်
၂၇။ ကန်တော်လေး ပိတောက်ရွှေဝါ – ဆိတ်သားအလွန်မိမိုက် ငါးခေါင်းရှယ် မနုသနီသောက်လို့ကောင်း ထမင်းစားချိန်မှာ မြိန်သွား စေမယ်။ ဟင်းအမယ်အားလုံး အရမ်းကောင်းတယ် ကြက်သားလဲ နူးအိ။ ၂ ဆိုင်ရှိတယ်။ ၉၃ လမ်းထဲကဆိုင်က ပိုစားကောင်းတယ်။
၂၈။ စမ်းချောင်း ဦးပြောင် – ငါးရံ့ခေါင်း ရှယ်၊ ပဒုမ္မာလမ်း ဦးပြောင်။
၂၉။ အလုံဝေဘောဂီလမ်းထဲက ရွှေဖူးခိုင် – စျေးသင့်ပြီး အိမ်ချက်စားကောင်းတယ်။
၃၀။ ရေတာရှည်လမ်း ကို သွားတဲ့ ယုဇန Hotel ဘေးက လမ်းထဲက ဦးမှန်း မြန်မာထမင်းဆိုင်