စပါးလင်ဆိုတာ ဒီလောက်ထိ စွမ်းပါတယ်

စပါးလင်ဆိုတာ ဒီလောက်ထိ စွမ်းပါတယ်
+++++++++++++
စပါးလင်ရေနွေးကြမ်း မကြာခနသောက်ဖြစ်ပါတယ် .. ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို သကြားအနည်းငယ်နဲ့သန့်စင်ထားသော စပါးလင် ၁ချောင်းပါးပါးလှီးထည့်ပြီး , အဖုံးခနလောက် အုပ်ထားလိုက်ရုံပါပဲ .. အနေတော် ခပ်နွေးနွေး အနေအထားဖြစ်ရင် သောက်နိုင်ပါပြီ .. အရသာလည်း ကောင်းပါတယ် ..
စပါးလင်၏ ကောင်းကျိုးဂုဏ်သတ္တိ
စပါးလင်ဟာ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်စ်စတာတွေကြွယ်ဝပြီး ဆေ:ဖက်ဝင်အစွမ်းသတ္တိတွေရှိပါတယ် .. အစာခြေလမ်းကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေကို ေ.သစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေ ကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာ အစာချေဖျက်နိုင်ဖို့ အထောက်အကူပြုပါတယ် .. နောက်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ..
စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိ*ပ်အတောက်တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အ တွက် ကောင်းကျိုး ပြုပါတယ် .. ပို:မွှားတွေနဲ့ မှိုရောဂါတွေကို .ေ.သစေနိုင်စွမ်းရှိတာကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို ကုသနိုင်ပါတယ် ..
က-င်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပြီး ခေါင်းကို-က်၊ ရင်ကျပ်၊လည်ချောင်းနာ၊ ချွေးထွက်လွန်၊ကိုယ်နံ့ဆိုးထွက်တာမျိုးဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်းမှုန့်အနည်းငယ်နဲ့ဆူအောင် တည်ပြီး အရည်ကိုသောက် ပေးနိုင်ပါတယ် .. ကြွက်သားနာကျင်တာ၊ ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာနဲ့ အခြားသော အဆစ်အမြစ် နာကျင်တာတွေကို စပါးလင်ဆီလိမ်းပေးရင်သက်သာစေပါတယ် .. နို့တိုက်မိခင်တွေအတွက် ဆိုရင်လည်း နို့ထွက်အားကောင်းစေပြီး ရင်သွေ:ငယ်တွေကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှုတွေက ကာကွယ်ပေးပါတယ် ..
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွစေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံးဆေ:တစ်ခုပါ .. ကိုယ်နံ့မကောင်းတာနဲ့ အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ် .. ခြေ လက် အသားအရေလှဖို့အတွက် စပါးလင်ဆီ လိမ်းမယ်ဆိုရင်တော့ ရေ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့အကြံပြုပါတယ် ..
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်