ချေကြည့်ပါ

ဘဝမှာ လိုချင်တာတွေရဖို့ အောက်ကျို့ခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိမှာပါ။ ကိုယ်တကယ် လိုအပ်တဲ့အရာအတွက် အောက်ကျို့သင့်ရင် အောက်ကျို့ရမှာပါပဲ။

ဒါပေမယ့် မပေးချင်တဲ့သူစီက အတင်းတောင်းဆို နေမယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးကျပါတယ်။ ကိုယ့်အပေါ်အဖက်မလုပ်ချင်တဲ့သူကို ကိုယ့်ဘက်ကနေ အောက်ကျို့ပြီး အဖက်မလုပ်သင့်ပါဘူး။

သင့်ဘက်က ဘယ်လောက်ပဲ ဂရုစိုက်စိုက် တစ်ချို့လူတွေက သင့်ကို ပြန်ပြီး ဂရုစိုက်ချင်မှစိုက်မှာပါ။
ကိုယ့်ကို စွန့်ခွာသွားတဲ့သူတွေကိုခွင့်လွတ်လိုက်ပါ။ လိုက်ပြီး တွယ်ကပ်မနေပါနဲ့။ ကိုယ့်စကား နားမထောင်ချင်တဲ့သူကို အပင်ပန်းခံပြီး သွားပြောမနေပါနဲ့။

သင့်အပေါ် သဘောမကျတဲ့သူတွေရဲ့ ရှေ့မှာ သူတို့သဘောကျအောင် ဟန်ဆောင်မနေပါနဲ့။
လူတိုင်းနဲ့ အဆင်ပြေအောင် မကြိုးစားပါနဲ့။ ချေသင့်ရင် ချေလိုက်ပါ။
ဘယ်အရာမှ အလားကားမလိုချင်ပါနဲ့။ ဘယ်အရာမဆို ယူပြီးရင် တစ်နည်းနည်းနဲ့ ပြန်ပေး
ရမှာပါပဲ။
ကိုယ်တိုင်လုပ်လို့ ရတဲ့အရာမှန်သမျှကိုဘယ်သူ့ကိုမှ
အကူအညီမတောင်းဘဲ ကိုယ်တိုင်လုပ်ပါ။ လိုအပ်မှ
အကူအညီတောင်းပါ။ ဖြစ်နိုင်ရင် ကိုယ်တိုင်လုပ်နိုင်
အောင် ကြိုးစားပါ။ သူများကိုလည်း ကူညီတတ်ပါစေ။
ဘယ်သူ့အပေါ်မှ မမှီခိုပဲ ရပ်တည်နိုင်ဖို့ လိုပါတယ်။
ဘယ်သူ့ရဲ့ အကူညီကိုမှ မယူဘဲ နေနိုင်လာတဲ့
အခါ ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာ မလို
တော့ပါဘူး။
မာနကြီးခိုင်းတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ
ကိုယ်မရသင့်တာကို မလိုချင်တာအကောင်းဆုံး
ပါပဲ။
“ကိုယ်မရသင့်တာကို ယူမိရင် ကိုယ်မလိုချင်တာကို
ရတတ်ပါတယ်”
ဒါ့ကြောင့် တစ်ချို့သော အရာတွေအတွက် ခပ်ချေချေ
နေကြည့်ပါ။

Credit